အစိုးရမင်းများ/အား ပြုအပ်သော/ဝတ်
13
လူတိုင်း အစိုးရ/၏ အမိန့်/အာဏာ/ကို နာခံ/ကြရမည်။ အဘယ်ကြောင့်ဆိုသော် အာဏာ/ဟူသမျှ/သည် ဘုရားသခင်/ထံမှ လာ/သောကြောင့်/ဖြစ်၏။ အုပ်စိုး/လျက်/ရှိသော အာဏာများ/သည် ဘုရားသခင် ခန့်ထားတော်မူသည့်/အာဏာများ ဖြစ်၏။ 2 ထို့ကြောင့် အစိုးရ/အာဏာ/ကို ဆန့်ကျင်သော/သူတို့/သည် ဘုရားသခင်/၏ စီမံခန့်ခွဲတော်မူခြင်း/ကို ဆန့်ကျင်သောသူ ဖြစ်၏။ ထို/သူတို့/သည် ပြစ်ဒဏ်/ပေးခြင်း/ကို ခံရမည်။ 3 ကောင်းသော/အကျင့်/ကို ကျင့်သောသူများ/အတွက် အစိုးရမင်းများ/သည် ကြောက်စရာ/မဟုတ်။ ဆိုးသော/အကျင့်/ကို ကျင့်သောသူများ/အတွက်/သာ ကြောက်စရာ/ဖြစ်၏။ အစိုးရမင်း/ကို မကြောက်ဘဲ နေလို/လျှင် ကောင်းသော/အကျင့်/ကို ကျင့်လော့။ သို့ပြုလျှင် သူ/သည် သင့်/ကို ချီးမွမ်း/လိမ့်မည်။ 4 အစိုးရမင်း/သည် သင်/၏ အကျိုး/အတွက် ခန့်ထားခံရသော ဘုရားသခင်/၏ အစေခံ/ဖြစ်၏။ သို့သော် သင်/သည် မကောင်းမှု/ကို ပြုမိ/လျှင် သူ့/ကို ကြောက်ရမည်။ အဘယ်ကြောင့်ဆိုသော် သူ/သည် သင့်/အား အပြစ်/ပေးပိုင်ခွင့် ရှိ/သောကြောင့်/ဖြစ်၏။a သူ/သည် ဘုရားသခင်/၏ အစေခံ/ဖြစ်/၍ မကောင်းမှု/ကို ကျူးလွန်သော/သူတို့/ကို ပြစ်ဒဏ်/ပေးမည့်သူ ဖြစ်၏။ 5 သို့ဖြစ်၍ ပြစ်ဒဏ်/ကို ကြောက်/သောကြောင့်/သာ မဟုတ်ဘဲ မိမိ/အသိစိတ်/ကြောင့်လည်း သူ/၏/အုပ်ချုပ်မှု/ကို နာခံရမည်။
6 ထို/အကြောင်း/ကြောင့် အခွန်/ကိုလည်း ပေးဆောင်ကြလော့။ အဘယ်ကြောင့်ဆိုသော် အစိုးရမင်းတို့/သည် အုပ်ချုပ်/ရန် အချိန်ပြည့်/တာဝန်ယူထားသော ဘုရားသခင်/၏ အစေခံများ/ဖြစ်/သောကြောင့်/ပင်။ 7 ပေးဆောင်/ထိုက်သည်/ကို ပေးဆောင်ကြလော့။ အခွန်/ဆောင်စရာ/ရှိလျှင် ပေးဆောင်ကြလော့။ အကောက်/ဆောင်စရာ/ရှိလျှင် ပေးဆောင်ကြလော့။ ကြောက်ရွံ့ထိုက်သူ/ကို ကြောက်ရွံ့/၍ ရိုသေထိုက်သူ/ကို ရိုသေကြလော့။
ဘုရားသခင်/၏ ပညတ်တော်တို့/ကို ပြည့်စုံစေသော ချစ်ခြင်းမေတ္တာ
8 အချင်းချင်း မေတ္တာကြွေး/မှလွဲ၍ မည်သည့် အကြွေး/မျှ မတင်စေကြနှင့်။ သူတစ်ပါး/ကို ချစ်သောသူ/သည် ပညတ်တရား/ကို အပြည့်အဝ/လိုက်နာသူ ဖြစ်၏။ 9 အဘယ်ကြောင့်ဆိုသော် “သူတစ်ပါး/သားမယား/ကို မပြစ်မှားနှင့်။ လူ့/အသက်/ကို မသတ်နှင့်။ မခိုးယူနှင့်။ မမှန်သော/သက်သေ/ကို မထွက်ဆိုနှင့်။ သူတစ်ပါး/ဥစ္စာ/ကို မတပ်မက်နှင့်” ဟူသော ပညတ်ချက်များ/နှင့် အခြား/ပညတ်တို့/၏ အနှစ်ချုပ်/မှာ “ကိုယ်/နှင့် သက်ဆိုင်သော/သူ/ကို ကိုယ်/နှင့်အမျှ ချစ်လော့” ဟူသည့် ပညတ်/ဖြစ်/သောကြောင့် ဖြစ်၏။ 10 ချစ်ခြင်းမေတ္တာ/သည် ကိုယ်/နှင့် သက်ဆိုင်သော/သူတို့/အား အကျိုး/မယုတ်စေပါ။ ထို့ကြောင့် ချစ်ခြင်းမေတ္တာ/သည် ဘုရားသခင်/၏ ပညတ်တော်/ကို ပြည့်စုံစေ၏။
11 သင်တို့/သည် ယခု/လက်ရှိ အချိန်အခါ/ကို နားလည်ကြ၏။ သင်တို့ အိပ်ပျော်ရာ/မှ နိုးထ/ရမည့်/အချိန် ရောက်ပြီ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ ကယ်တင်ခံရမည့် အချိန်/သည် ကျွန်ုပ်တို့ စတင်/ယုံကြည်ခဲ့သည့် အချိန်/က/ထက် ပို၍ နီးကပ်လာ/သောကြောင့် ဖြစ်၏။ 12 ညအချိန် ကုန်ဆုံးတော့မည်/ဖြစ်ပြီး နေ့အချိန်/သည် နီးကပ်လာပြီ။ ထို့ကြောင့် ကျွန်ုပ်တို့/သည် အမှောင်/၌ ပြုသော/အကျင့်များ/ကို ဖယ်ရှား/၍ အလင်း/၏ လက်နက်များ/ကို ကိုင်ဆောင်/ကြရမည်။ 13 နေ့အချိန်/၌ ပြုမူနေထိုင်/သကဲ့သို့ သင့်တင့်/လျောက်ပတ်/စွာ ပြုမူနေထိုင်/ကြရမည်။ အပျော်ကြူးခြင်း၊ သောက်စား/မူးယစ်ခြင်း၊ ကာမဂုဏ်/လိုက်စားခြင်း၊ ကိလေသာ/လွန်ကြူးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း/နှင့် မနာလိုခြင်း/တို့ကို ရှောင်ကြဉ်ရမည်။ 14 သခင်/ယေရှု/ခရစ်တော်/ကဲ့သို့ ကျင့်ကြံ/ပြုမူကြလော့။b လူ့/ဗီဇစိတ်c/အလို/ကို လိုက်/ရန် မကြံစည်ကြနှင့်။